စဉ့်ကိုင် ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပိုးနှင့် အနံ့ပျောက်သူ အများဆုံးတွေ့ရှိသည့် ဗျင်္ညားလော ကျေးရွာ၌ ယနေ့နံနက် (၉)နာရီက အဆိုပါ ကျေးရွာအတွင်းရှ ိနေအိမ်များသို့ တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်လံ၍ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးလွင်၏စီစဉ်ညွှန်ကြားမှုဖြင့် ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ၊ ဒေါက်တာ သက်ကိုကိုလွင်နှင့်ကျန်းမာရေး၀န်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ပရဟိတ အဖွဲ့၀င်များ၊ ရပ်မိရပ်ဖများပူးပေါင်း၍ ကိုဗစ်၁၉ကူးစက်ရောဂါပိုး အဖြစ်များသည့့်် ဗျင်္ညားလော ကျေးရွာတွင် ကျေးရွာအတွင်းသို့ ပြင်ပဧည့်သည်များ မ၀င်ရောက်စေရေး၊ အကြောင်းကြီးငယ် ကိစ္စမရှိဘဲ တစ်အိမ်နှင့်တစ်အိမ်သွားလာမှု မရှိစေရေး၊ အပြင်သွားလာ ရာတွင် နှာခေါင်းစည်း Mask များ၊ Face Shield များ တပ်ဆင်၍ သွားလာစေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီးကုန်စိမ်းဈေးသည်များစျေးသို့ သွားရောက်ရောင်း၀ယ်ရာတွင် လူဦးရေ သတ်မှတ် ၍ နေ့စဉ် သွားရောက်ခြင်းမပြုကြရေး၊ ရက်ခြားသွားလာစေရေး၊ အပြင်မှ ပြန်လာသူ များသည် မိသားစုနှင့်အတူ ပူးပူးကပ်ကပ်မနေစေဘဲ သီးသန့်နေထိုင် သွားစေရေး၊ အနံ့မရသူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှု မရှိစေရေးနှင့် ကျေးရွာကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဖွဲ့စည်းပြီး ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ထားသည့်အမိန့်နှင့် ညွှန်ကြားချက်များအတိုင်းနေ့စဉ်စစ်ဆေးအသိပေး နှိုးဆော်သွားရန် စသည့် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ပြီး ကျေးရွာပြည်သူများအား Mask များအခမဲ့ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်ပြန်/ဆက်)