ဧရာ၀တီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့မှ သာပေါင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်များအတွက် ထောက်ပံ့ငွေ(၅၀၀၀၀၀)ကျပ်ပေးအပ်

သာပေါင်း ဒီဇင်ဘာ ၆

ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် အဖွဲ့တို့သည် သာပေါင်းမြို့နယ် ကိုဗစ်-၁၉ တားဆီး၊ကာကွယ်၊ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်နှင့် ကော်မတီအဖွဲ့၀င်များကို ယမန်နေ့  နံနက် ၇ နာရီခွဲအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဧည့်ခန်းမ၌တွေ့ဆုံခဲ့ကြသည်။

ထို့နောက် သာပေါင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ တားဆီး၊ကာကွယ်၊ထိန်းချုပ်ရေးစစ်ဆေးရေး မြို့အ၀င် မြို့ဦးဂိတ်သို့ သွားရောက်၍ စစ်ဆေးရေးဂိတ် တာ၀န် ထမ်းဆောင်နေသူများနှင့် တွေ့ဆုံပြီး စစ်ဆေးရေးဂိတ်များတွင် တာ၀န် ထမ်းဆောင်နေသူများအတွက် ဧရာ၀တီ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင် မှ ထောက်ပံ့ငွေ (၅၀၀၀၀၀)ကျပ်ကိုပေးအပ်ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ တားဆီး၊ကာကွယ်၊ ထိန်းချုပ်ရေးဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြို့နိုင်မှ လက်ခံရရှိခဲ့ကြောင်းသိရသည်။

မျိုးဇော်သိန်း