သာပေါင်း ဒီဇင်ဘာ ၆
ဧရာ၀တီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးအောင်ဆွေ၀င်း သည် သာပေါင်း မြို့နယ် မီးသတ်စခန်းသို့ ယမန်နေ့ ရက် နံနက် ၈ နာရီခွဲက မြို့နယ် မီးသတ်စခန်းရုံးခန်း၌ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့၀င်တို့အား တွေ့ဆုံခဲ့ကြသည်။
ထို့နောက် ဧရာ၀တီတိုင်ဒေသကြီး မီးသတ်ဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးအောင်ဆွေ၀င်း က မီးသတ်စခန်းရှိ တပ်ဖွဲ့၀င်များ အား စစ်ဆေးပြီး မီးငြိမ်းသတ်ယာဉ်များ ကြံ့ခိုင်မှုရှိ၊မရှိ စစ်ဆေးခြင်း၊ မိသားစု နေထိုင်ရာလိုင်းခန်းများအား စစ်ဆေးခြင်း ၊မြို့နယ်အတွင်း ဈေး၊စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးကြို့တင်ကာကွယ်ရေးအတွက် စီစစ်ကြပ်မတ် ဆောင်ရွက်ထားရှိရေးတို့ကိုလမ်းညွှန်မှာကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူလွင်မှ မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)