မြစ်ကြီးနား ဒီဇင်ဘာ ၆
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားခရိုင်အတွင်းရှိ IDPs Camp (၁)ခုနှင့် ဗန်းမော်ခရိုင်အတွင်းရှိ IDPs Camps (၂)ခုအား ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဒီဇင်ဘာ(၃)ရက် နှင့် (၄)ရက်နေ့များတွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးချစ်ဖေ ဦးဆောင်ပြီး ကချင်ပြည်နယ်အထူးစီမံချက်ရုံးမှ နေရပ်စွန့်ခွာ ပြောင်းရွေ့နေထိုင်သူများအား အသက်မွေးလမ်းကြောင်းဆိုင်ရာ ငွေသားထောက်ပံ့ပေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၃ ရက်နေ့တွင် ဗန်းမော်ခရိုင်အတွင်းရှိ မံစီမြို့နယ် KBC IDPs Camps အတွင်းရှိ အိမ်ထောင်စု တစ်စုလျင် ငွေကျပ် (၂)သိန်းနှုန်း စုစုပေါင်းအိမ်ထောင်စု (၁၇၁)စုအတွက် ငွေကျပ် (၃၄၂)သိန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒီဇင်ဘာ(၄)ရက်နေ့တွင်လည်း ရွှေကူမြို့နယ် အတွင်းရှိ IDPs Camp (၂)ခုမှ အိမ်ထောင်စု (၄၈)စုအတွက် တစ်အိမ်ထောင်လျှင် (၂)သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း (၉၆) သိန်းကို ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကချင်အထူးစီမံချက်ရုံးမှ တာဝန်ရှိ သူများက ထောက်ပံ့ ပေးအပ်ခဲ့သည်။
အလားတူ မြစ်ကြီးနားခရိုင်၊ ဝိုင်းမောမြို့နယ်အတွင်းရှိ စင်ကြိုင်ကျေးရွာ IDPs Camp အတွင်းရှိ အိမ်ထောင်စု (၂၁၄) စုကို တစ်အိမ်ထောင်လျှင် (၄)သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း (၈၅၆) သိန်းအား နိုဝင်ဘာ ၂၆ ရက်နေ့က သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း ပြည်နယ် ကြက်ခြေနီရုံးမှ သိရှိရသည်။
စိန်ဝင်း(ပြန်/ဆက်)