နမ့်စန်မြို့နယ်တွင် ပဲပုတ်မျိုးစေ့ ထုတ်စိုက်ပျိုးမည့် တောင်သူများနှင့် နေကြာစိုက်ပျိုးမည့် တောင်သူများကို မြေဩဇာနှင့် မျိုးစေ့များ ထောက်ပံ့ပေးအပ်

နမ့်စန်() ဒီဇင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်းလွိုင်လင်ခရိုင်နမ့်စန်မြို့နယ်တွင် ပဲပုတ်မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများနှင့် နေကြာစိုက်ပျိုးမည့် တောင်သူများကို ပဲပုတ်မျိုးစေ့၊ နေကြာမျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်()ကျေးရွာအုပ်စု၊ အမှတ်(၁၀) ကျေးရွာအနီးရှိ ရေဆင်း(စပ်မျိုး-)နေကြာမျိုးစေ့ထုတ် စိုက်ခင်းတွင် ကျင်းပခဲ့ရာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ ရှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးတင်ဦးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင်ဦး က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မိမိလှိုင်က မျိုးစေ့ထုတ် လုပ်ငန်းအကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နန်းစောမြနှင့် နမ့်စန် မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးမြသိန်း တို့က မျိုးစေ့နှင့်မြေဩဇာများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ ပြည်နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးတင်ဦး၊ ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မိမိလှိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နန်းစောမြ၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးမြသိန်းနှင့် တာဝန်ရှိသူများက အမှတ်() နမ့်လစ်၊ လွိုင်ယဲ၊ မက်မွန်မုန်း၊ နောင်ဟီး၊ မိုင်းစိတ် ကျေးရွာအုပ်စုတို့မှ ပဲပုတ်နှင့် နေကြာစိုက်ပျိုးမည့် တောင်သူ(၃၀)ဦးကို ပဲပုတ်မျိုးစေ့ (ရေဆင်း-၁၅) (ဧက ၃၀ စာ) နေကြာမျိုးစေ့ (ရေဆင်းစပ်မျိုး-) (ဧက ၂၀စာ)နှင့် ဂျစ်ပဆန်အထူး ကျောက်မှုန့်မြေဩဇာအိတ် ၁၅၀ အိတ်တို့ကို အသီးသီးထောက်ပံ့ပေးအပ် ခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသော တောင်သူများက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ ရေဆင်း (စပ်မျိုး-) နေကြာမျိုးစေ့ထုတ် စိုက်ခင်းကို လေ့လာကြည့်ရှုကာ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

သူရအောင်(ပြန်/ဆက်)