ကျောင်းကုန်းမြို့ ကျန်းမာရေးဝန်ထမ်းအိမ်ယာ ကွန်ကရစ်လောင်းခြင်းလုပ်ငန်းအား တာဝန်ရှိ သူများ ကြည့်ရှုစစ်ဆေး

ကျောင်းကုန်း ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းအိမ်ရာ ခြောက်ခန်းတွဲ လေးထပ်အဆောက်အဦး၏ ဒုတိယထပ် ကွန်ကရစ်လောင်းခြင်းလုပ်ငန်းသို့ ယနေ့နံနက်ပိုင်းက မြို့နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ ပြည်သူ့ကျန်းမာရေးဝန်ထမ်းအိမ်ယာ(၆)ခန်းတွဲ(၄)ထပ်အဆောက်အဦအား "ရွှေလမ်း မြင့်မြတ်" ကုမ္ပဏီက တာဝန်ယူ တည်ဆောက်လျက်ရှိပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊မြို့နယ်လမ်းဦးစီးအင်ဂျင်နီယာ ဦးကျော်ဝင်း၊ မြို့နယ် ကျေးလက်ဦးစီးမှူးဦးခင်ဇော်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တာဝန်ခံအင်ဂျင်နီယာ ဦးအေးကို၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်နှင့် ဦးစီးအရာရှိ ဒေါက်တာ ဂျေကမ္ဘာ ငြိမ်းချမ်းတို့က ကွန်ကရစ် လောင်းခြင်း လုပ်ငန်းအား ကြည့်ရှု စစ်ဆေးခဲ့ကြပြီး အရည်အသွေး ပြည့်မီသော အဆောက်အဦးဖြစ်စေရန် ကြီးကြပ်လျှက် ရှိကြောင်းနှင့် "ရွှေလမ်း မြင့်မြတ်" ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသော ကုသရေးဝန်ထမ်းအိမ်ယာ လေးခန်းတွဲ လေးထပ် အဆောက်အဦးသည် (၉၇)% ခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)