ငရုတ်ကောင်းမြို့ရှိ ပြည်သူများကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် နှာခေါင်းစည်း (Mask) အခု (၅၀၀) ကျော် အခမဲ့ပေးဝေ

ငရုတ်ကောင်း ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ရှိ ပြည်သူများကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အသွားအလာ များသည့် နေရာများဖြစ်သော မြို့မစျေး အတွင်း စျေးရောင်းချသူများနှင့် စျေးဝယ်ပြည်သူများ၊ လမ်းဆုံလမ်းခွများသို့ ယနေ့နံနက်၇နာရီက နှာခေါင်းစည်း(Mask) အခု ၅၀၀ ကျော်ကို အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေပေးခြင်းကို မြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများတို့မှ ပူးပေါင်း၍ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး နေအိမ်ပြင်ပ ထွက်တိုင်း နှာခေါင်းစည်းများတပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာကြရန် အသိပညာပေး ပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)