ကျီခါးမြို့၌ Facility Quarantine Center အဆောက်အဦဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး

ကျီခါး  ဒီဇင်ဘာ ၆

ချင်းပြည်နယ်၊ဖလမ်းခရိုင်၊ကျီခါးမြို့၌ ပြည်နယ်အစိုးရအဖွဲ့လူမှုရေး၀န်ကြီး ဦးပေါင်လွန်းမင့်ထန် ၏ စီစဉ်ပေးမှုဖြင့် နေရပ်ပြန်များ ထားရှိမည့်  Facility  Quarantine  Centerအဆောက်အဦကို ကျီခါးတိုက်နယ်ဆေးရုံအနီး၌ ဆောက်လုပ်လျက်ရှိရာ လက်ရှိတွင် လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

ကျီခါးမြို့၌ အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ နေရပ်ပြန်များကို  မြန်မာ-အိန္ဒိယနယ်စပ် ခင်မန်းဂိတ်မှ တစ်ဆင့် စနစ်တကျလက်ခံ၍ ကျီခါးမြို့၌ အသွားအလာကန့်သတ်ပြီး ကျန်းမာရေး စောင့်ကြည့် ဆောင်ရွက်လျက်ရှိရာ အဆိုပါနေရပ်ပြန်များ ထားရှိဆောင်ရွက်ရေး အဆင်ပြေစေရန် အတွက်  ပြည်နယ်အစိုးရအဖွဲ့  လူမှုရေး၀န်ကြီး၏စီစဉ်ပေးမှုဖြင့်  လူအယောက် (၂၀)ဆန့် Facility Quarantine Center အဆောက်အဦ အတိုင်းအတာ( ၁၂၀××၈ )ပေကို ၂၀၂၀ပြည့်နှစ်၊ နိုင်၀င်ဘာလ(၂၄ )ရက်နေ့မှစတင်၍ လုပ်ငန်းများ အကောင် အထည် ဖော် ဆောင်ရွက်လျက် ရှိရာ  ယခုအခါအဆောက်အဦဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် အဆိုပါ အဆောက်အဦ ဆောက်လုပ်ခြင်းကြောင့် ကျီခါးမြို့၌ နေရပ်ပြန်များကျန်းမာရေး စောင့်ကြည့် ဆောင်ရွက်ထားရှိရေး ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်းသိရသည်။

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)