မတ္တရာမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအဖြစ် Mask များ ပေးဝေ

မတ္တရာ  ဒီဇင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှု အဖြစ် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့မစျေးကြီးတွင် ဆောင်ရွက်ခဲ့သည်။

ထို့သို့ နှာခေါင်းစည်းများ ဖြန့်ဝေရာသို့ မြို့နယ်အမျိုးသမီး ကော်မတီဉက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဉက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့် အပြင်ရှိ စျေးရောင်းသူ၊ စျေးဝယ်သူများနှင့် လှုပ်ရှားသွားလာနေသည့် လုပ်သားများကို နှာခေါင်းစည်းများ ဖြန့်ဝေပြီး စျေးရောင်း/ စျေးဝယ် လှုပ်ရှားသွားလာ နေစဉ်အတွင်း နှာခေါင်းစည်းများကို လုံခြုံအောင် အမြဲတပ်ထားကြရန် စစ်ဆေး တွေ့ရှိပါက အရေးယူ ဒဏ်ရိုက်ခြင်း လုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို အသိပညာ ပေးခြင်းများ ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှလည်း ရှောင်တခင်စစ်ဆေးခြင်း အရေးယူခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)