တံတားဦး ဒီဇင်ဘာ ၆
ကျောက်ဆည်ခရိုင် တံတားဦးနယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)နှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများ ကွင်းဆင်း တိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက သူငယ်တော်ကျေးရွာသို့ ကွင်းဆင်းကာ ကျေးရွာအမှိုက်စွန့်ပစ်ရေးကို ညှိနှိုင်း ဆောင်ရွက်ကြပြီး စီမံကိန်းဖြင့် ဆောင်ရွက်လိုသည့် လမ်းတစ်လျှောက် တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည် ။
တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အထိ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာ (၅၉) ရွာ ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ မြစိမ်းရောင်စီမံကိန်းကျေးရွာမှာ (၃၇)ရွာ ဆောင်ရွက်နိုင်ပါ ကြောင်း ၊ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာ( ၁၈ ) ရွာနှင့် ၊ မြစိမ်းရောင် စီမံကိန်းကျေးရွာ(၂)ရွာ ဆောင်ရွက်မည် ဖြစ်ကြောင်း ၊ မြစိမ်းရောင်ကျေး’ရွာ စီမံကိန်းကို ကျေးလက်ဒေသဆင်းရဲမှုလျော့ချရန်နှင့် စဉ်ဆက်မပြတ် အောင်မြင်မှုများ ရရှိစေရန် အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေး၏ ပြောကြားချက် အရသိရသည် ။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်မည့် ကျေးရွာများမှာ ကွမ်းသီးတန်း ၊ ဥမှင် ၊ လဝကဲ ၊ အိမ်ကန် ၊ သမန်းကန် ၊ ဆည်ရွာ ၊ ပုဂံတီး ၊ ဂွေးဆောင် ၊ ချမ်းသာကုန်း ၊ သူငယ်တော် ၊ ဥတည် ၊ အိုးတုတ္တန်း ၊ ဘုရားကြီးကုန်း ၊ ရွှေပေါ်ကျွန်း ၊ ပန်းယျ(မ) ၊ ဆင်ကျုံး ၊ လေသာ နှင့် ကျုံးထိပ် တို့ဖြစ်ကြောင်း ၊ မြစိမ်းရောင် ကျေးရွာစီမံကိန်းအနေဖြင့် သင်းတိမ်းကျေးရွာနှင့် ဘလဲ့ဘ ကျေးရွာတို့ တွင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)