ငါန်းဇွန်မြို့နယ်တွင် ဈေးရောင်းဈေးဝယ်နှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး Mask Campaign ပြုလုပ်

ငါန်းဇွန်  ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့သာကျေးရွာအုပ်စု မြို့သာအရှေ့ကျေးရွာတွင် ယနေ့နံနက် ၈ နာရီအချိန်က မြို့သာစည်ပင်သာယာဈေးအတွင်းနှင့် ပတ်ဝန်းကျင်ရှိ ဈေးရောင်းဈေးဝယ်နှင့် ခရီးသွား ပြည်သူများအာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဆောင်အဖွဲ့မှ Mask Campaign ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း ဉီးဆောင်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ မြို့သာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ မြို့သာစည်ပင်သာယာ ဈေးအတွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ ဈေးရောင်းဈေးဝယ် ပြည်သူများနှင့် ခရီးသွားပြည်သူများအား Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သက်နောင်ဦး(ငါန်းဇွန်)