ငွေဆောင် ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အ-ထ-က ငွေဆောင် ကျောင်း (Quarantine Centre) ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့ နံနက် (၈) နာရီချိန်က ရေသန့်ကတ်များ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ငွေဆောင်ကမ်းခြေ၊ သဇင်ကျေးရွာနေ၊ ဦးဇော်ဇော်(ခ)မြင့်ဇော်+ဒေါ်လေးငယ် မိသားစုမှ ရေသန့် (၂၁) ကတ် လာရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့တွင် အ.ထ.က ငွေဆောင်ကျောင်းအား အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာအဖြစ် ဖွင့်လှစ် ဆောင်ရွက်ထားလျက်ရှိရာ စေတနာရှင် အလှူရှင်များအနေဖြင့် စားသောက်ဖွယ်ရာများ လှူဒါန်း နိုင်ပြီး တစ်ဦးအတွက် တစ်နေ့တာ စားစရိတ် ၃၀၀၀ ကျပ်ဖြင့် ငွေသားလှူဒါန်းနိုင်သလို၊ မိမိအစီအစဉ် ဖြင့်လည်း ထမင်းဘူးများ၊ စားသောက်ဖွယ်များကို လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
မူမူသွင်(ပြန်/ဆက်)