မြန်အောင် ဒီဇင်ဘာ ၇
မြန်အောင်မြို့ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ရေကန်များအတွင်း ရေဖြည့်ခြင်းများကို ယမန်နေ့ညနေက ဒေသပိုင်မီးသတ်အဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့ပေါ် ရပ်ကွက်များရှိ ရုံပွဲလမ်း၊ တာဝတိံသာလမ်း၊ မြသီတာလမ်းတို့ရှိ မီးသတ်ရေကန်များနှင့် ရန်နိုင်အေးရပ်ကွက်ရှိ စည်ပင်ရေကန်များအတွင်းသို့ မြန်အောင်မြို့ ဒေသပိုင်မီးသတ်အဖွဲ့မှ ဦးမျိုးထွန်း ဦးဆောင်သော ဒေသပိုင်မီးသတ်အဖွဲ့ဝင်များက ဒေသပိုင်မီးသတ်အဖွဲ့ မီးသတ်ယာဉ်ဖြင့် ရေဖြည့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး မြို့ပေါ်ရှိ ကျန်ရှိသောမီးသတ်ရေကန်များအား ရေဖြည့်ခြင်းကိုဆက် လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)