မိုင်းဆတ် ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် မြို့အဝင်/ ထွက်ဂိတ်များ၌ အသိပညာပေးပိုစတာများ ကပ်ထားပြီး ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးခြင်းလုပ်ငန်းများကို နေ့စဉ် အရှိန်အဟုန် မပျက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
မိုင်းဆတ်မြို့ဝင်၊ မြို့ထွက်ဂိတ်များမှ ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူများအား Non-Contact Infrared Thermometer စက်ဖြင့် ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ထောက်ခံချက် ပါရှိမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးခရီးသွားလာခြင်း လျော့ချရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တို့က မြို့ဝင်၊ မြို့ထွက်ဂိတ် (၃)ဂိတ်မှ ယမန်နေ့က ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူ (၁၃၀)ဦးအား ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခဲ့ပြီး သံသယလူနာ စစ်ဆေးတွေ့ရှိခြင်း မရှိကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)