သာပေါင်းမြို့နယ်တွင် မသန်စွမ်းသူများနေ့ အထိမ်းအမှတ် Maskများ‌ ဝေငှခြင်း၊ မသန်စွမ်းမှု ဆိုင်ရာ အမေး၊‌ အဖြေကဏ္ဍ Campaign ပြုလုပ်

သာပေါင်း ဒီဇင်ဘာ ၇

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (သာပေါင်းနယ်ရုံး) မှ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် Mask များဝေငှခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်‌ မသန်စွမ်းမှုဆိုင်ရာ ဟောပြောခြင်းများကို ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်၍ လူစည်ကားရာ နေရာများ၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ သာပေါင်းနယ်ရုံးခွဲ ဥက္ကဋ္ဌ ဦးညွန့်၀င်း၊ အတွင်းရေးမှူး ဦးအောင်ကို၊ တွဲဖက်အတွင်းရေးမှူး ဦးသောင်းထိုက်နှင့် အဖွဲ့၀င်တို့သည် လူစည် ကားရာ နေရာများတွင် ရွေ့လျားသွားလာ၍ ပြည်သူများအား Mask များဝေငှခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ကြပြီး မသန်စွမ်းမှုဆိုင်ရာ အသိပညာပေး ဟောပြော ကြပြီး အမေး/အဖြေ ကဏ္ဍအဖြစ် မသန်စွမ်းမှုဆိုင်ရာ မေးခွန်း မေး ၊ ဖြေကြပြီး အဖြေမှန် ရရှိသူများအား လက်ဆောင်ပစ္စည်းများဖြင့် ပြန်လည် ဂုဏ်ပြုပေးအပ်ခဲ့ကြကြောင်း သိရသည်။


မျိုးဇော်သိန်း ၊ သာပေါင်း(ပြန်/ဆက်)