နောင်ချိုမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၁)ဦး ထပ်မံတွေ့ရှိ

နောင်ချို  ဒီဇင်ဘာ  ၇

ကျောက်မဲခရိုင်၊ နောင်ချိုမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၁)ဦးထပ်မံ တွေ့ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နေ့လယ်ပိုင်းက ကံကြီးကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာမှ အမျိုးသား တစ်ဦး အနံ့ပျောက်ကြောင်း ကျေးရွာမှတာဝန်ရှိသူ၏ အကြောင်းကြားချက်အရ စေတနာမွန် လူမှုကူညီရေးအသင်းမှ ချက်ချင်းသွားရောက်ခေါ်ဆောင်ခဲ့ကာ ကျန်းမာရေးဌာနမှ RDT ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် အဆိုပါအမျိုးသား၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါသည်။ ၎င်းသည် သရက်ကုန်းကျေးရွာနေ နောင်ချို-မန္တလေးကုန်စိမ်းကား ပြေးဆွဲနေသော ယာဉ်မောင်းဖြစ်ပြီး ၎င်းနှင့် ထိစပ်မှုရှိသူများအား အချိန်မီထိန်းသိမ်းကာ ကံကြီးကျေးရွာ (အ-ထ-က) Quarantine Centre ၌ ထားရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)