သာပေါင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင် ကျန်းမာရေး အသိပညာပေး လူထုလှုပ်ရှားမှု Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်

သာပေါင်း  ဒီဇင်ဘာ ၇

သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးခြင်း လူထု လှုပ်ရှားမှုကို လူအများသွားလာစည်ကားရာ နေရာ လမ်းဆုံ လမ်းမကြီးများ၊ ဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီအဖွဲ့၀င်များက ယမန်နေ့နံနက် ၇ နာရီ အချိန်ခန့်မှ စတင်၍ Mask Campaign လှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

Mask Campaign လှုပ်ရှားမှုကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းစိုး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ် တာ၀န်ခံနည်းစနစ်မှူး ဒေါ်ချိုသဲ နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အိမ့်အိမ့်သူတို့မှ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များဖြင့် ကိုဗစ်-၁၉ ရောဂါ မြို့နယ်အတွင်း ကူးစက်မှုလျော့နည်း ပပျောက်စေရေးအတွက် ပြည်သူများမှ ကာကွယ်ရေး နည်းလမ်းများကို ပိုမိုအလေးထား ဂရုပြုလိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေး ပြောကြားကြပြီး ဈေးသွား ဈေး၀ယ် ပြည်သူအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၃၀၀) ခုကျော်ခန့်ကို ရွေ့လျားလိုက်လံဝေငှပေးခဲ့ကြကြောင်း သိရသည်။


မျိုးဇော်သိန်း ၊ သာပေါင်း(ပြန်/ဆက်)