တန့်ယန်းမြို့နယ် စောင့်ကြည့်ရေးစခန်းတွင် နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲ နမူနာရယူ

တန့်ယန်း  ဒီဇင်ဘာ  ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများတို့က အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိကြရာ အသွားအလာ ကန့်သတ် ထားသော စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre) တွင် ယမန်နေ့ညနေပိုင်း က နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲနမူနာ ရယူခဲ့သည်။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက်  ယာယီစောင့်ကြည့်ရန် အသွားအလာ ကန့်သတ်ထားသည့် စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre) တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုးသန်းထိုက်နှင့် တာဝန်ရှိသူတို့က ကြီးကြပ်ကာ ကန့်သတ်စောင့်ကြည့်ထားသူ (၃၅)ဦး၏ နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲနမူနာ တို့ဖတ်များအား မြို့နယ်ကျန်းမာရေး ဌာနဝန်ထမ်းများက ရယူကာ မူဆယ်မြို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။                                                                                           

မင်းလွင်ဦး(ပြန်/ဆက်)