ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဟားခါး ဇန်နဝါရီ ၂၅

ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ခေတ္တစီးပွားရေးရာဝန်ကြီး ဦးဝင်းဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ဦးလှမိုးနိုင်က စားသုံးသူရေးရာကော်မတီ၏စားသုံးသူအကာအကွယ်ပေးရေးဆိုင် အသိပညာပေးဟောပြောပွဲများ၊ မြို့ပေါ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင် Talk Show ဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်း တင်ပြသည်။

ထို့နောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်လာကြသည့် ချင်းပြည်နယ်စားသုံးသူရေးရာ ကော်မတီဝင်များက အကြုံပြုဆွေးနွေးကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ခေတ္တစီးပွားရေးရာဝန်ကြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)