ငွေဆောင်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

ငွေဆောင်  ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခြင်းကို ငွေဆောင်မြို့ အမှတ်() ရပ်ကွက် မြို့မလမ်း၌ ယနေ့ နံနက် နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ငွေဆောင်မြို့ မြတ်ဒါနလူမှုကူညီရေး အသင်းနာယက ဦးကြည်တိုးမှ ဦးဆောင်ကာ စေတနာရှင်၊ အလှူရှင်များ စုပေါင်း၍ ငွေဆောင်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် ငွေကျပ်(၃၅၂၅၀၀) တန်ဖိုးရှိသည့် ဆန်()အိတ်၊ ဆီ()ပုံး၊ ကြက်ဥအလုံး(၃၀၀)၊ ကြက်သွန်နီ()အိတ်တို့ကို အိမ်ထောင်စု (၆၀)စုအားခွဲဝေ၍ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မူမူသွင်(ပြန်/ဆက်)