ကာလိမြို့ ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများမှ နှာခေါင်းစည်း (Mask)များ လိုက်လံဖြန့်ဝေ

ကာလိ  ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများမှ  နှာခေါင်းစည်း (Mask)များ အခမဲ့လိုက်လံဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်ခန့် က ကာလိမြို့မဈေးနှင့် ယာယီပျံကျဈေးတွင် သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် မြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်း ဈေးရောင်းကြသည့်ပြည်သူများ ဈေးသို့လာရောက် ဝယ်ယူနေကြသည့် ပြည်သူများအား နှာခေါင်းစည်း (Mask)များကို လိုက်လံဖြန့်ဝေပေးခဲ့ကြပြီး အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းလုပ်ငန်းများကို ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ ကျေးလက် ကျန်းမာရေးဌာနခွဲမှ ဘက်စုံသားဖွားဆရာမ ဒေါ်နန်းစီစီဦး၊ ကုန်းပေါင်းကျေးလက် ကျန်းမာရေးဌာနမှ ဘက်စုံ သားဖွားဆရာမ ဒေါ်လှမင်းသူနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)