နမ့်ဆန် ဒီဇင်ဘာ ၇
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် သီပေါ(တအာင်း) အမျိုးသမီးအဖွဲ့အစည်းက နမ့်ဆန် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များအတွက် ကိုဗစ်-၁၉ တိုက်ဖျက်ရေး အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးသောပစ္စည်းများမှာ Surgical mask (၅၀)ပါ (၁၀)ဘူး၊ Face-sheild (၁၀)ခု၊ Hand gell (၂)ဘူး၊ Detol ပိုးသတ်ဆေး (၁)ဘူး Glove (လက်အိတ်) (၂)ဘူး စသည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့ပြင် သီပေါ (တအာင်း)အမျိုးသမီးအဖွဲ့အစည်းက Facility Quarantine Centre တွင် နေထိုင်သူ (၉)ဦးကိုလည်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)