ကြံခင်း ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက မြို့နယ်ဌာနဆိုင်ရာများ နှင့်ပူးပေါင်းပြီး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက် နာရီစင်ထိပ်နှင့် မြို့မဈေးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နေ ပြည်သူများ ကျန်းမာကြံခိုင်ဖွံဖြိုးစေရန် ခန္ဓာကိုယ်ခုခံအားစနစ် ကောင်းမွန်စေပြီး ရောဂါကင်းဝေးစေရန် ရည်ရွယ်ပြီး မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ Fitness Dance ကိုယ်လက်လှုပ်ရှား အားကစားကို "Go away cornoa" သီချင်းဖြင့် သရုပ်ပြအသိပညာပေးခြင်းများ ပြုလုပ်ခြင်း၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအန္တရာယ်မှ ကာကွယ်ထိန်းချုပ်ရန် နေအိမ်ပြင်ပထွက်ပါက မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် Mask Campaign ပြုလုပ်ပြီး Mask များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို ကြံခင်းမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်သူဇာလွင်နှင့် အား/ကာမှ တာဝန်ရှိသူများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင်၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေး စောင့်ရှောက်ရေးအဖွဲ့များ၊ မြို့နယ် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်တားဆီးရေး အသင်းများ ပူးပေါင်းပြီး ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရန် Mask အခု(၉၀၀) အခမဲ့ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။
မိုးမိုး (ပြန်/ဆက်)