ကျွန်းစု ဒီဇင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်(၁)နှစ်အတွက် မော်တော်ဆိုင်ကယ်များ ဘီးခွန်ဆောင်ထားခြင်း ရှိ/ မရှိ ကို ယနေ့ နံနက်(၉)နာရီ အချိန်က ဗိုလ်ချုပ်လမ်းမကြီးနှင့် အောင်သပြေလမ်းဆုံ၊ မြို့နယ်စည်ပင်ရုံးအရှေ့၌ စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိစစ်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မိုးမိုးနွယ် တို့က ကျွန်းစုမြို့အတွင်းရှိ ဖြတ်သန်းသွားလာနေသော မော်တော်ဆိုင်ကယ်များ ဘီးခွန်ဆောင်ထားခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဘီးခွန်ဆောင်ထားခြင်း မရှိသော ယာဉ်များအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်(၁)နှစ်အတွက် ဆိုင်ကယ် ဘီးခွန်(၃၀၀၀)ကျပ်အား အသီးသီး ဆောင်စေခဲ့သည်။
ကျွန်းစုမြို့နယ်အတွင်းရှိ ကျန်ရှိနေသော မော်တော်ဆိုင်ကယ်များကို ၂၀၂၀ - ၂၁ ဘဏ္ဍာရေးနှစ် (၁)နှစ်အတွက် ဆိုင်ကယ်ဘီးခွန်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးနှင့် ကျေးရွာများသို့ ယခုလအတွင်း ကွင်းဆင်း၍ စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)