စဉ့်ကိုင် ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ယနေ့နံနက်(၇)နာရီက ပလိပ်စျေးအား ဘောလုံးကွင်းအတွင်းသို့ ပြောင်းရွှေ့ထားသည့် ပျံကျစျေးသည်၊ ကုန်စိမ်းသည်များအား သတ်မှတ် စည်းကမ်းချက်များနှင့် အညီရောင်းချခြင်း ရှိ/မရှိစစ်ဆေး၍ Maskများကိုအခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်းလိုက်နာကြရန်နှင့်စျေးရောင်း၊ စျေး၀ယ်ပြည်သူများအား Mask များစနစ်တကျတပ်ဆင်လာခြင်း ရှိ / မရှိ စစ်ဆေးခြင်း၊ စျေးရောင်းစျေး၀ယ်များအား သတ်မှတ် ထားသည့်စည်းကမ်းချက်များနှင့်အညီရောင်းချခြင်း၊ ရောင်း၀ယ်ခြင်း ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးရွှေခိုင်၊ အတွင်းရေးမှူး ဦးလှ၀င်းနှင့်၀န်ထမ်းများ၊ ဒုတိယမြိုနယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာ သိမ့်အိသူနှင့် ၀န်ထမ်းများ၊ ပလိပ်စျေးအကျိုးဆောင်အဖွဲ့၀င်များပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနကထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်မှု ရှိစေရေး၊ နေအိမ် ပြင်ပသို့ထွက်ပါက Maskများ စနစ်တကျတပ်ဆင်ပြီးမှသာထွက်ခွာကြရန်၊ လက်ကိုမကြာခဏဆေးကြရန်၊ မိမိကိုယ်တိုင်နှင့် အခြားသူများကိုရောဂါ မကူးစက်စေရေးအတွက်နေအိမ်မှပြင်ပသို့ ထွက်တိုင်း Mask ကို စနစ်တကျ မပျက်မကွက်တပ်ဆင်ကြရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ပလိပ်စျေးအားမြို့နယ် ကိုဗစ်-၁၉ ကူးစက် ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၏ ညွှန်ကြားချက်နှင့်အညီ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ ဈေးရောင်းချခြင်းများကို တစ်ရက်ဖွင့် နှစ်ရက်ပိတ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ညိုညို၀င်း(စဉ့်ကိုင်ပြန်/ဆက်)