မော်လမြိုင်ကျွန်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအဖြစ် အသိပညာပေး လုပ်ငန်းများဆောင်ရွက်

မော်လမြိုင်ကျွန်း  ဒီဇင်ဘာ

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အသိပညာပေး Campaing လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဗိုလ်ချုပ်ဈေး လမ်းမတလျှောက် ပြုလုပ်ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အမျိုးသမီးကော်မတီ၏ စီစဉ်မှုဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ကိုယ်စားလှယ်တစ်ဦး၊ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ် လဝက ဦးစီးဌာန၊ မြို့နယ်ဘေးစီမံ ဦးစီးဌာန၊ မြို့နယ်စိမ်းလဲ့ဧရာ ကျေးလက်ဒေသဖွံ့ဖြိုးရေး ကိုယ့်အားကိုယ်အဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ အသင်းဝင်များ၊ ဌာနဆိုင်ရာများနှင့် အမျိုးသမီးငယ်များ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဥပဒေဖြင့် ကာကွယ်ပေး အသိပညာပေး လက်ကမ်းစာအုပ်များ၊ အမျိုးသမီးများကို အကြမ်းဖက်မှု ပပျောက်ရေးဥပဒေဖြင့် ကာကွယ်ပေး mask များ၊ ရင်ထိုးတံဆိပ်များ၊ အမှတ်တရသော့ချိတ်များကို လူစည်ကားသည့် စျေးဆိုင်များနှင့် နေအိမ်များတွင် ပေးဝေငှခြင်း ဆောင်ရွက်သည်။

အဆိုပါလှုပ်ရှားမှုတွင် လူဦးရေ(၃၀)ဦး ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီတာအောင်(ပြန်/ဆက်)