အမရပူရ ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းရှိ စားတော်-လိပ်ဆံခွန်-ဘနော-ဖရဲကျွန်းလမ်းမှာ ရာဂီမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက်စား၍ ပျက်စီးခဲ့သည့် မြေကာနံရံအပိုင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (အထွေထွေပိုလျှံ)ရန်ပုံငွေကျပ် သန်း ၄၄ ဒသမ ၆၀၁ ဖြင့် ဌာနမှ Box Culvert (၁)စင်းနှင့် ကျောက်ရိုးစီမြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယမန်နေ့ နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ( ရုံးချုပ် ) အင်ဂျင်နီယာချုပ် ( မြို့ပြ )ဦးလှခိုင် ၊ မန္တလေးတိုင်း ဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ အမရပူရခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးရဲလွင်နှင့် မြို့နယ်တာဝန်ခံ ဒေါ်နန်းခိုင်သဉ္ဇာ (ဦးစီးအရာရှိ(မြို့ပြ))တို့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး မှာကြားခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)