ရွှေသောင်ယံမြို့ သဲကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာစာသင်ကျောင်းများသို့ ကွန်ပျူတာနှင့် ကျောင်းအသုံးအဆောင် ပစ္စည်းများ လှူဒါန်း

ရွှေသောင်ယံ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စုရှိ သဲကျင်းကျေးရွာနှင့် ပိုးလောင်း ကျေးရွာရှိ စာသင်ကျောင်းများသို့ ယနေ့နံနက် နာရီအချိန်က ရွှေသောင်ယံမြို့ အမှတ်()ရပ်ကွက်ရှိ Worldview International Foundationမှ Computerနှင့် ဆက်စပ်ပစ္စည်းများ၊ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ၊ ကျောင်းအသုံးအဆောင် ပစ္စည်းများအား သွားရောက် လှူဒါန်းခဲ့ကြသည်။

အဆိုပါလှူဒါန်းမှုတွင် သဲကျင်းကျေးရွာရှိ စာသင်ကျောင်းအတွက် ကွန်ပျူတာ(Desktop)()လုံးနှင့် ဆက်စပ် ပစ္စည်းများ၊ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ စုစုပေါင်းကာလ တန်ဖိုးငွေကျပ် (၂၂၉၈၀၀၀)သိန်းနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၁၂၃)ဦးအတွက် ဆိုလာမီးအိမ်(၁၂၃)လုံး၊ ()ကြောင်းမျဉ်း စာအုပ်(၃၈)ဒါဇင်၊ ထီး(၈၄)ချောင်း၊ မိုးကာအင်္ကျီ(၃၉)ထည် စုစုပေါင်း ကာလတန်ဖိုးငွေကျပ် (၁၃၇၈၆၅၆)သိန်း တန်ဖိုးရှိ ပစ္စည်းများအား လှူဒါန်းခဲ့ကြပြီး ပိုးလောင်းကျေးရွာ စာသင်ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၈၈)ဦးအတွက် ()ကြောင်း မျဉ်းစာအုပ်(၄၁)ဒါဇင်၊ ထီး()ချောင်း၊ မိုးကာအင်္ကျီ(၈၂)ထည်၊ ကွန်ပျူတာ တင်ခုံ()လုံး စုစုပေါင်းကာလ တန်ဖိုး ငွေကျပ်(၄၁၅၈၂၄)သိန်း တန်ဖိုးရှိပစ္စည်းများအား Worldview International Foundation (Livelihood Manager) ဦးထက်ဝေဦးနှင့် ဝန်ထမ်းများမှ လှူဒါန်းပေးအပ်ကြရာ အဆိုပါ ကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းအကျိုးတော်ဆောင်များမှ လက်ခံရယူခဲ့ကြသည်။

ကိုကိုမောင်(ပြန်/ဆက်)