ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ နှစ်ဦး စတင်တွေ့ရှိ

ချောင်းသာ ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာနှစ်ဦး စတင်တွေ့ရှိကြောင်း ချောင်းသာမြို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူက အတည်ပြု ပြောကြားခဲ့သည်။

အတည်ပြုလူနာ အသက်(၁၉)နှစ် အမျိုးသားသည် ချောင်းသာမြို့ ခြောက်ကောင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး တောင်ဒဂုံမြို့နယ် (၁၆၈)ရပ်ကွက်တွင် ပန်းရံလုပ်ရန် သွားရောက်နေထိုင်ခဲ့သူဖြစ်သည်။ အသက်(၂၇)နှစ် အမျိုးသမီးသည် AZURA HOTEL တွင် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေပြီး ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ဖလေကျေးရွာတွင် ပြန်လည် နေတွင်သူဖြစ်သည်။ အဆိုပါနှစ်ဦးသည် ၂၁.၁၁.၂၀၂၀ရက်နေ့တွင် ချောင်းသာမြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ထိုပိုးတွေ့လူနာနှစ်ဦးသည် ချောင်းသာမြို့ အ..က() Quarantine Centreမှ ၅.၁၂.၂၀၂၀ရက်နေ့တွင် ရန်ကုန် အမျိုးသားဓာတ်ခွဲခန်းသို့ swab ပို့ စစ်ဆေးသူ ၁၅ ဦး ထဲမှ ကိုဗစ်-၁၉ရောဂါ တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာ နှစ်ဦးအား ပုသိမ်မြို့ တိုင်းရင်းဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေးခဲ့ပြီး ထိတွေ့ခဲ့သူ ၉ ဦးအား အ..က() Quarantine Centre သို့ ပြန်လည်ခေါ်ဆောင်ထားခဲ့ကြောင်းသိရသည်။

ချောင်းသာမြို့တွင် ၇.၁၂.၂၀၂၀ ရက်နေ့အထိ Quarantine Centre ဝင်ရောက်သူ စုစုပေါင်း (၁၈၅) ဦးရှိပြီး ကျန်းမာရေး ကောင်းမွန်၍ နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့သူ (၁၆၅)ဦး ရှိကြောင်း သိရသည်။

ချောင်းသာ (ပြန်/ဆက်)