ရွာငံ ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့နယ်အားကစားကွင်း အတွင်း၌ မိုးလုံလေလုံ အားကစားရုံအတွက် ပန္နက်တင်မင်္ဂလာပြုလုပ်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက အဆိုပါ ဆောက်လုပ်မည့်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပန္နက်တင် မင်္ဂလာအခမ်းအနားတွင် ရွာငံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမင်း၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းစိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မင်္ဂလာအချိန်၌ ပန္နက်တင်ရိုက်ခဲ့ကြသည်။ မိုးလုံလေလုံ အားကစားရုံ(၂၀၀ ပေ၊ ၁၀၀)ပေ အဆောက် အဦကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်ထောင်စု ဘတ်ဂျက် ကျပ်သန်း(၃၆၀)ဖြင့် လင်းမြတ်နိုင် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးသန့်(ရွာငံ)