ညောင်ဦး ဒီဇင်ဘာ ၇
မန္တလေးတိုင်ဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်မြှင့်တင်နိုင်ရေးတွက် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှု့ကော်မတီ ညောင်ဦးခရိုင် (DMO) အတွင်းရေးမှူး ဦးဝင်းအောင်(ဒုတိယညွှန်ကြားရေးမှူး) ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဦးမျိုးမင်းအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး အဖွဲ့များက ကျောက်ပန်းတောင်းမြို့နယ် နေရာသစ်(၂)နေရာ အားဒေသခံများနှင့် ဒီဇင်ဘာ ၅ ရက်နေ့နှင့် ဒီဇင်ဘာ ၆ ရက်နေ့တို့တွင် သွားရောက်ကာ ခရီးစဉ်ဒေသအသစ်ရှာဖွေခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါနေရာသစ်(၂)ခုမှာ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့မှ မိတ္ထီလာဘက်အတွက် ၇ မိုင် အကွာ ခန့် အရောက်၊ ကြက်မောက်တောင်ဆည်အနီးမှ မြောက်ဘက် ၂မိုင် ၃ဖာလုံခန့်ရှိ လဲဂွရွာနှင့် လက်ပံအိုင့်ကျေးရွာ မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ မြောက်ကျောက်အိုးနှင့် ဂဲမိုးအိုင်နေရာများသို့ လဲဂွရွာ၊ လက်ပံအိုင့်ရွာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများကလမ်းပြလိုက်လံပြသခဲ့ရာ ခရီးစဉ်ဒေသဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးဝင်အောင်နှင့်အဖွဲ့များသည် မှတ်တမ်းယူခြင်းများ၊ ဂဲမိုးအိုင်ပတ်ဝန်းကျင်ရှိ လက်ငါး ချောင်းအိုင်၊ ဂဲတစ်လုံးစို့နေရာများ၊ ဗျောဗျောကျအိုင်၊ စကောဝိုင်းအိုင်နေရာ၊ ကျောက်သား လျှိုမြောင် တလျှောက်အတွင်းဝင်ကြည့်ခြင်း၊ မြောက်ကျောက်အိုးပတ်ဝန်း ကျင်နေရာ(၂)နေရာဖြစ် ကြောင်း သိရသည်။
မြောက်ကျောက်အိုးသည် ဒေသခံများအခေါ် ကြီးမားသည့် ကျောက်ဖြာကြီးများပေါ် ရေစီးဆင်းခဲ့ရာမှ ရေလှောင်ကန်ဖြစ်ပေါ်နေခြင်းကြောင့် ကျောက်အိုးခေါ်တွင်ကြောင်း၊ ဂဲမိုးအိုင်ဟုဒေသခံ များခေါ် တွင်ရခြင်းမှာ ရေအိုင်ကြီးပေါ်ကြီးမားသည့် (ကျောက်တုံးအမိုး)ဂဲကြီးမိုးနေသည့်အတွက် ဂဲမိုးအိုင်ဟုခေါ်တွင်ကြောင်း၊ ဂဲတစ်လုံ့စို့အိုင်သည်လျှိုမြောင်ကျောက်ရိုးတစ်ဘက်တစ်ချက်တွင်ကြီးမားသည့် ကျောက်တုံးကြီးတည် ရှိနေခြင်းကြောင့် ဂဲတစ်လုံးစို့အိုင်ခေါ်တွင်ခဲ့ကြောင်း၊စကောဝိုင်း အိုင်သည် ယခင်ကရေစီးကြောင်း တည့်တည့် တွင် ဝိုင်းစက်စက်ဖြစ်နေသည့်အတွက်စ ကောဝိုင်းအိုင်ခေါ်တွင် ခဲ့ကြောင်း သိရသည်။ ကျောက်ပန်း တောင်းမြို့နယ် အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအလွန် ရပ်ရွာအခြေ ပြုသဘာဝ အခြေခံ ခရီးသွားလုပ်ငန်းဖော် ဆောင်နိုင်ရန်နှင့်ခရီးစဉ်ဒေသအသစ်များရှာဖွေပြီး ရပ်ရွာဒေသဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ကာ ခရီးစဉ်ဒေသအသစ်များရှာဖွေ၍ ပြည်တွင်း၊ပြည်ပခရီးသွားများ သဘာဝ တောတောင် ရေမြေကိုထိတွေ့ခံစားနိုင်ဖို့ခရီးစဉ်ဒေသအသစ်များရှာဖွေနေရခြင်းဖြစ် ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာနှင့် လက်ပံအိုင့်ကျေးရွာပတ်ဝန်းကျင်၏ တောင်ဘက် ၂မိုင်ခန့် အကွာတွင် မဟာဗောဓိ ငါးထောင်(မတ်တစ်ထောင်တောင်တန်း) နှင့်ကြက်မောက်တောင်ဆည်၊ အနောက် ဘက် တစ်မိုင်ခန့်အကွာတွင် ငွေတွင်းတောင် တောင်တန်းတွင် ဘုရားလေးဆူ ၊ မြောက်ဘက် နှစ်ဖာလုံအကွာ တွင် နှစ်ပေါင်း ၉၀ကျော် ခန့်ရှိ မပုတ်မသိုးရုပ်ကလာပ်တော် ဦးစန္ဓမထေရ် (ရဟန္တာပုဂ္ဂိုလ်)လေ့လာ ဖူးမြှော် နိုင်ပြီး၊ လဲဂွရွာတွင် ရွှေနတ်တောင်ကုန်းပေါ် ရွှေနတ်တောင်စေတီတို့ဖူးမြှော်နိုင်ကြောင်း၊ အဆိုပါ နေရာများ သည် ပုပ္ပားတောင်ကြီး၏ တောင်ဘက်ခြမ်းကြိုးဝိုင်းအတွင်းအပြင်တွင်ရှိ ကြောင်းသိရသည်။
ကိုထိန်၊KPD