ပြင်စလူမြို့ မြို့အဝင်စစ်ဆေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ မဖြစ်စေရေး စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်

ပြင်စလူ  ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရန်အတွက် မြို့အဝင်စစ်ဆေးရေးဂိတ်၌ မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များက ပူးပေါင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၊ မြို့အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့အတွင်းသို့ ဝင်ရောက်လာသော ခရီးသွားပြည်သူများအား ခရီးသွားရာဇဝင် မေးမြန်းခြင်း၊ ခရီးသွားမှတ်တမ်းအချက်အလက်များကို မှတ်တမ်းကောက်ယူခြင်း၊ ဒေသခြားခရီးသွား ပြည်သူများအား ခရီးသွားလာခွင့် ထောက်ခံချက် ပါ/မပါ စစ်ဆေးခြင်း၊ ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း(Mask) တပ်ဆင်ရန်၊ ပြင်ပမှ ပြန်လာပြီးတိုင်း လက်ကိုစနစ်တကျ ဆေးကြောရန်၊ ပြည်သူများဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် အသိပေးကြေညာချက်များကို နေ့စဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

ဇင်ဖြိုးသူ(ပြန်/ဆက်)