ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၁၁) ဦး ထပ်မံတွေ့ရှိ

ဒေးဒရဲ ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများ နှင့် ထိတွေ့ခဲ့သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များ ရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာန (NHL) သို့ နိုဝင်ဘာလ ၅ ရက်နေ့၌ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL)သို့ ဒေးဒရဲမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Facility Quarantine Centre များတွင် Quarantine ဝင်ရောက်လျက်ရှိသူ (၁၀၀) ဦး၏ Swab နမူနာများ ပေးပို့ စစ်ဆေးခဲ့ရာ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၇)ဦး၊ စုစုပေါင်း(၁၁)ဦး ထပ်မံပိုးတွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့လူနာများအား ဒေးဒရဲမြို့ရှိ အထက(၃)  (ယာယီဆေးရုံ)တွင် ထားရှိ၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန က သိရသည်။

ဒေးဒရဲမြို့နယ်အနေဖြင့် ယနေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၃၀၃) ဦး၊ ဆေးရုံ ဆင်းခွင့်ရရှိသူ (၂၁၉) ဦး၊ ဆေးကုသမှုခံယူနေသူ(၈၄)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန က သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)