ရွာငံမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ရွာငံ    ဒီဇင်ဘာ    

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် နှစ်စဉ်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်း၏ သမိုင်းကျောင်းများကို ပြည်သူများသိရှိနိုင်စေရန် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အတွဲ() အမှတ်() အသိပညာပေးစာစောင်များကို ယနေ့ နံနက်ပိုင်းမှ စ၍ဖြန့်ဝေပေးခဲ့သည်။

စာစောင်တွင်၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းများ၊ ပညာရေးမြင့်တင်မှုဆိုင်ရာများ၊ ကဗျာ၊ ကာတွန်းစသည့်ဗဟုသုတ ဆိုင်ရာများ ပါဝင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ခံထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ရွာငံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ပြည့်ဖြိုးသန့်နှင့် ဝန်ထမ်းများက အများပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။

 ထွန်းထွန်းဝင်း( ရွာငံ