ပုလော ဒီဇင်ဘာ လ ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်းများ တပ်ဆင်သွားလာရေးနှင့် ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် အရေးကြီးကိစ္စမှအပ မလိုအပ်ဘဲ ပြင်ပသို့ အကြောင်းမဲ့သွားလာခြင်း မရှိစေရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ပုလောမြို့အ၀င် ပြည်ထောင်စုလမ်းမကြီး၌ မိသားစုကျန်းမာရေး၊ စားသောက်ရေး စျေး၀ယ်ခြင်း ကိစ္စများနှင့် အရေးကြီး ကိစ္စမှအပ မလိုအပ်ဘဲ သွားလာခြင်းမပြုရန်နှင့် အပြင်ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်သွား လာကြရန် အသိပညာပေး၍ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ချက်ချင်း၀ယ်ယူတပ်ဆင် စေခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းနှင့်အသိပညာပေး ဆောင်ရွက်ခြင်းကို ပုလောမြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့၀င်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ မြို့နယ် ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့၀င်များ၊ယာဉ်ထိန်းတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးမော်(ပုလော ပြန်/ဆက်)