သိန္နီမြို့အ၀င်၌ ကျန်းမာရေးစစ်ဆေးရေးဂိတ် နေ့စဉ်ဖွင့်လှစ်ပြီး ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

သိန္နီ ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် နေ့စဉ်နံနက် (၆)နာရီမှ ည(၉)နာရီအချိန်အထိ မြို့အ၀င်၌ ကျန်းမာရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ခရီးသွားများနှင့် ယာဉ်မောင်းများ၏ ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးပေးမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

သိန္နီမြို့ရှိ ဌာနဆိုင်ရာ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့၀င်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ ယာဉ်ထိန်းတပ်ဖွဲ့၀င်များ၊ မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီ၀င်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့၀င်များ ပါ၀င်သော ပူးပေါင်းအဖွဲ့များက ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော (Standard Operating Procedure SOP) နှင့်အညီ စစ်ဆေးမှုများဆောင်ရွက်ပေးလျက်ရှိသည်။ သိန္နီလားရှိုးပြည်ထောင်စု လမ်းမကြီး ပေါ်တွင် ဖြတ်သန်း သွားလာလျက်ရှိသော ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများအား မိမိတို့သက်ဆိုင်ရာမြို့နယ်များမှ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာ ပါ/မပါ၊ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း ကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖိုးချို(ပြန်/ဆက်)