ကျောက်တလုံးကြီးမြို့၊ သစ်တောဦးစီးဌာနမှ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးနိုင်ရန် သစ်တော၊ သစ်ပင်နှင့် နှစ်ရှည် သီးပင်စားပင်များ ပျိုးထောင်ထားရှိ

 

ကျောက်တလုံးကြီး       ဒီဇင်ဘာ       ၇

၂၀၂၁ ခုနှစ်၊ မိုးရာသီကာလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ကျောက်တလုံးကြီးမြို့ ပတ်ဝန်းကျင်၌ စိမ်းလန်းစိုပြေရေး၊ သစ်တော၊ သစ်ပင်များ ပိုမိုစိုက်ပျိုးနိုင်ရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်ဒေသခံပြည်သူများအနေဖြင့် ပျိုးပင်များအခမဲ့စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ကျောက်တ လုံးကြီး မြို့၊ သစ်တော ဦးစီးဌာန ပျိုးဥယျာဉ် တွင်ပျိုးပင်ပေါင်း (၂၈၀၀၀)ပင် ပျိုးထောင်ထားကြောင်းသိရသည်။

အဆိုပါပြည်သူများထံ ဖြန့်ဝေမည့်ပျိုးပင်များပျိုးထောင်ရာတွင် ဒေသရာသီဥတုနှင့်ကိုက်ညီသည့် အပင်များ၊ ဒေသခံ ပြည်သူများ စိုက်ပျိုးချင်သော အပင်များ စိုက်ပျိုးနိုင်ရန် ကျွန်း(၅၁၀၀)ပင်၊ လျော်ဖြူ(၁၃၀၀) ပင်၊မန်ဂျင်းရှား(၁၀၀၀)ပင်၊မယ်ဇလီ(၈၀၀)ပင်၊ခါတော်မီ(၅၀၀)ပင်၊ထင်းရှူး(၃၀၀)ပင် နှင့် နှစ်ရှည်သီးပင်၊ စားပင် ဖြစ်သော ဒန့်ဒလွန်(၁၀၀၀)ပင်၊ စိန်ပန်းနီ(၃၅၀၀)ပင်၊ စိန်တချု(၂၅၀၀)ပင်၊ စိန်ပန်းပြာ(၃၀၀)ပင်၊ နံ့သာနီ (၁၀၀၀)ပင်၊ မျောက်ငို(၂၇၀၀)ပင်၊ ထောက်ပတ် (၆၀၀၀)ပင်၊ မက္ကဒေးနီးယား(၁၀၀၀)ပင်၊ ရေသင်းဝင် (၁၀၀၀)ပင်၊ သစ်တောသစ်ပင်နှင့်နှစ်ရှည်သီးပင်၊ စားပင်၊ ပျိုးပင်ပေါင်း(၂၈၀၀၀)ကို ပျိုးထောင်ထား ကြောင်း သိရသည်။

ကျောက်တလုံးမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် သဘာဝပတ်ဝန်းကျင်စိုပြေရေးနှင့် ရာသီ ဥတုပြောင်း လဲမှုကိုထိန်းညှိပေးနိုင်ရေးအတွက် ပျိုးထောင် ထားရှိသောအပင်များကို ဒေသခံပြည်သူ များဌာန ဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစုအဖွဲ့ပိုင်သစ်တောများတွင်စိုက်ပျိုးနိုင်ရန် အခမဲ့ ဖြန့်ဝေ သွားမည် ဖြစ်ကြောင်းကျောက်တလုံးကြီးမြို့၊ သစ်တောဦးစီးဌာနတာဝန်ခံတောအုပ် ဦးဇော်မင်းကို ထံမှ သိရသည်။

မြဝင်း(ပြန်/ဆက်)