မိုင်းယု ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေ ကျေးရွာအနီး သီးသန့်အဆောက်အဦတွင် Facility Quarantine နေထိုင်ပြီးစီးသူ (၂၈) ဦး ကို ယနေ့ နံနက် ၉ နာရီက နေထိုင်ပြီးစီးမှုလက်မှတ် ပေးအပ်ခဲ့ကြသည်။
အဆိုပါ Facility Quarantine နေထိုင်ပြီးစီးကြောင်း လက်မှတ်များကို မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မိုင်းလွေအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးတို့က သွားရောက်ပေးအပ်ခဲ့ပြီး မိမိတို့နေအိမ်တွင် ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက် နှင့် အညီ Home Quarantine ခုနစ်ရက် ဆက်လက်နေထိုင်စေရန် ပြောကြားခဲ့သည်။
ယင်း Facility Quarantineခံယူနေသူ (၂၈)ဦးတို့မှာ နတ်မောက်မြို့နယ်၊ မြို့သစ်မြို့နယ်တို့မှဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ပြီး သက်ဆိုင်ရာကိုဗစ်ကော်မတီက Facility Quarantine (၁၄)ရက် ထားရှိ၍ ဒီဇင်ဘာ ၂ ရက်နေ့က နှာခေါင်းနှင့်အာခေါင်တို့ဖတ်များရယူခဲ့ရာ စစ်ဆေး ချက် Swab အဖြေမှာ အားလုံး(Negative)ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)