ဖရူဆို ဒီဇင်ဘာ ၇
ကယားပြည်နယ် ဖရူဆိုမြို့နယ် မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာများ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဈေးကော်မတီများ ပူးပေါင်း၍ ကူးစက်မှုနှုန်း များပြားလာသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပေါ်စေရေး အတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများ ဈေးရောင်းချသူများ၊ ဈေးဝယ်သူများနှင့် ခရီးသွားပြည်သူများ မဖြစ်မနေနှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/မရှိ နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များ စည်းကမ်းချက်များကို အလေးထား လိုက်နာ နေထိုင်သွားလာမှု ရှိ/မရှိတို့ကို စစ်ဆေးပြီး နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသူများအား ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)