ဓနုဖြူမြို့တွင် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေးခြင်းနှင့် အသိပညာပေး​ခြင်းလုပ်ငန်းများ ဆောင်ရွက်

ဓနုဖြူ  ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကို ယနေ့နံနက် ၇နာရီက မြို့မဈေးနှင့် မြို့အတွင်းရှိ အထင်ကရနေရာများတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ် ပရဟိတအဖွဲ့မှ အလှူရှင်များ လှူဒါန်းထားသည့် နှာခေါင်းစည်း (Mask)များကို ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေးခဲကြပြီး ပြည်သူများအနေဖြင့် တက်နိုင်သမျှ မိမိနေအိမ်တွင်နေထိုင်ကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ နေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)