ဖျာပုံ ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုး ဦးဆောင်၍ ဖျာပုံမြို့ မြောက်ပိုင်းစျေးနှင့် လူစည်ကားရာနေရာများတွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေး လူထုလှုပ်ရှားမှုအဖြစ် (Mask Face Shield Campaign) အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီက ဖျာပုံမြို့ မြောက်ပိုင်စျေးတွင် ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖျာပုံမြို့နယ် ပြည်သူဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုး၊ ဒေါက်တာသိန်းထွန်းဝင်းတို့ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြောက်ပိုင်းစျေးစစ်ဆေးရေးအဖွဲ့များသည် (၇-၁၂-၂၀၂၀) ရက်နေ့တွင် လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မြောက်ပိုင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးပညာပေး လူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign) ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဖျာပုံမြို့နယ်အနေဖြင့် Stay at Home မြို့နယ်ဖြစ်ခြင်းကြောင့်စျေးများ၊ လူအများစုဝေးရာ နေရာများတွင် (Mask, Face Shield Campaign) ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ဈေးများအတွင်း ဈေးရောင်း၊ စျေးဝယ်ပြုလုပ်နေသူများအား နှာခေါင်းစည်း (Mask) မဖြစ်မနေ၊ စနစ်တကျတပ်ဆင်ရေးတို့ အတွက် အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ တပ်ဆင်စေခြင်း၊ နှာခေါင်းစည်း (Mask) မျက်နှာအကာ (Face Shield) တို့ကို အခမဲ့ပေးဝေခြင်း၊လက်ကိုင်စပီကာများဖြင့် COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများကို လှည့်လည်အသိပေးပြောကြားခြင်း စသည်တို့ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက် ခဲ့ကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)