ရွှေသောင်ယံ ဒီဇင်ဘာ ၇
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၇)နာရီက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်း၌ Mask Campaign ပြုလုပ်ကာရပ်ကွက်အတွင်းရှိ ဈေးသူ၊ ဈေးသားများ၊ လမ်းသွားလမ်းလာများ၊ ကျေးရွာအုပ်စုများအတွင်းရှိ လူစည်ကားရာနေရာများ၌ (Mask)များ၊ Face Shield များကို လိုက်လံဝေငှ ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ရွှေသောင်ယံမြို့အမှတ်(၁)ရပ်ကွက် ယာယီဈေးရှိ ဈေးရောင်း၊ ဈေးဝယ်သမားများ၊ သဲကုန်းအုပ်စုအုန်းချောင်း၊ သဲကုန်း၊ သဘော့ကန် စသည့် ကျေးရွာများရှိ လမ်းဆုံ လမ်းခွများ၌ maskအခု(၂၀၀၀)၊Face Shield အခု(၂၀၀)တို့ကို ဝေငှပေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် သောင်ယံမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရွှေသောင်ယံမြို့ တိုက်နယ်ဆရာဝန်၊ သဘော့ကန်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးနှင့် ကျန်းမာရေး ဆရာမများ၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင် ( ပြန်/ဆက် )