ကျောင်းကုန်းမြို့နယ်ရှိ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ စည်းကမ်းသတ်မှတ်ချက်နှင့် ညီညွတ်စေရေး လိုက်လံစစ်ဆေး

ကျောင်းကုန်း ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အိမ်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက် ၈ နာရီအချိန် လိုက်လံစစ်ဆေးခဲ့ကြသည်။

နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေး မြို့မဈေးအတွင်း ရေပိုက်ခေါင်းများ ကောင်းမွန်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပုဂ္ဂလိကအရောင်းဆိုင်များ၊ အိမ်ဆိုင်များ၊ လမ်းဘေးဈေးသည်များ ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ရောင်းချနိုင်ရေး လိုက်လံစစ်ဆေးခဲ့ကြ ကာ  လိုက်နာမှုမရှိပါက ဥပဒေနှင့်အညီ အရေးယူ‌ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင်ဘအရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်၊ မြို့နယ်စည်ပင်သာယာရေး‌အဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်း၊ ကျန်းမာရေးဦးစီးအရာရှိ ဒေါက်တာဂျေကမ္ဘာငြိမ်းချမ်းတို့က လိုက်လံစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)