မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်

မော်လမြိုင်ကျွန်း  ဒီဇင်ဘာ  ၇

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်း အချိန်အထိ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ ၃၆၉  ဦးရှိပြီး မြို့နယ် ကုတင်-၁၀၀ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ  Positive   လူနာ  ၁၁၂ ဦးရှိကာ  သေဆုံးလူနာ ၁ ဦးနှင့် ကျန်းမာရေး ကောင်းမွန်စွာဖြင့် ဆေးရုံမှဆင်းသူ ၂၅၇ ဦးရှိပြီဖြစ်သည်။

ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ၊ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ အဖွဲ့(၆)ဖွဲ့ခွဲ၍ မြို့နယ်အတွင်းရှိ ပြည်သူများ  နေအိမ်ပြင်ပသို့ ထွက်ခွာပါက  နှာခေါင်းစည်း (Mask)များ တပ်ဆင်မှု ရှိ/မရှိ စစ်ဆေး၍ မတပ်ဆင်ထားသော သူများအား အခမဲ့ပေးဝေ တပ်ဆင်စေခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

အဆိုပါ အသိပညာပေးခြင်း လုပ်ငန်းများကို နေ့စဉ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၊ ဈေးများ၊ လမ်းများ၌ စောင့်ကြပ်စစ်ဆေးခြင်း လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)