နောင်ချို ဒီဇင်ဘာ ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့ စေတနာမွန် လူမှုကူညီရေးအသင်းသို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်လိုအပ်သည့် Cutter စက်ဝယ်ယူရန် မတည်ငွေ ကျပ် ဆယ်သိန်းအား ယမန်နေ့ က မတည် လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် နောင်ချိုမြို့နေ ကိုရှိုင်းဇာနည်နှင့် မဥမ္မာဆွေ မိသားစုရောင်းဝယ်ရေး FM (Trading) မိသားစုက Cutter စက်အတွက် မတည်ငွေအဖြစ် အလှူငွေကျပ် ဆယ်သိန်းကို လှူဒါန်းပေးခဲ့ရာ စေတနာမွန်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးနေဦးသာနှင့်အဖွဲ့က လက်ခံရယူခဲ့ သည်။
အဆိုပါ Cutter စက်၏တန်ဖိုးမှာ ကျပ်သိန်းသုံးဆယ်ဝန်းကျင်ရှိကြောင်း၊ တောတောင် လျှိုမြှောင်များဖြင့် အတက်အဆင်း အကွေ့အကောက်များသော နောင်ချိုမြို့နယ်အတွက် အမှန်တကယ်လိုအပ်သော စက်ဖြစ်ကြောင်း၊ ယာဉ်မတော်တဆမှု များတွင် လူနာ၏အသက်ကို ကယ်တင်ရာ၌ အသုံးဝင်သည့် စက်ဖြစ်ကြောင်း၊ ၎င်းစက်အားဝယ်ယူနိုင်ရေးအတွက် အလှူရှင်များမှ ပူးပေါင်းပါဝင် လှူဒါန်းပေးကြစေလိုကြောင်း စေတနာမွန် လူမှုကူညီရေးအသင်း၏ ပြောပြချက်အရ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)