ရေကြည်မြို့နယ်အတွင်းတွင် ဖွင့်လှစ်ထားရှိသော မြို့အဝင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်များအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများအား လွှဲပြောင်းပေးအပ်

ရေကြည်  ဒီဇင်ဘာ

ပုသိမ်ခရိုင်ရေကြည်မြို့နယ်အတွင်းတွင် ဖွင့်လှစ်ထားရှိသော မြို့အဝင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေး ဂိတ်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေ()သိန်းအား လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်သော ထောက်ပံ့ငွေ()သိန်းအား လွှဲပြောင်းပေးအပ်ရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကံညွှန့်တို့က လက်ခံရရှိခဲ့ကြောင်း သိရသည်။

အောင်သူဟန်(ပြန်/ဆက်)