ရေဇွာ ဒီဇင်ဘာ ၇
ချင်းပြည်နယ်၊ ရေဇွာမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းအဓိကမိန်းလမ်းများအားလမ်းအညွှန်းများ စိုက်ထူတပ်ဆင်ခြင်းများကို ယနေ့နံနက် ၁၀ နာရီက စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့လမ်းအညွှန်းများ စိုက်ထူတပ်ဆင်ခြင်းများနှင့် ပတ်သက်ပြီး ရေဇွာမြို့ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်ဇာမီဝင်းက ပြောကြားရာတွင်ရပ်ကွက် အတွင်းရှိ ပြည်သူများ လမ်းနာမည်များနှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ ခရီးသွားပြည်သူများ မြို့အတွင်းသို့ ဝင်/ထွက်သွားလာသည့်အခါ လမ်းများ အလွယ်တကူသိရှိနိုင်ရန် နှင့် မြို့အင်္ဂါရပ်များနှင့်အညီ ဖြစ်စေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ရေဇွာမြို့ ရပ်ကွက်(၄)ရပ်ကွက်အတွင်းရှိ အဓိကမိန်းလမ်းများဖြစ်သော လမ်းဆုံ လမ်းခွများတွင် လမ်းနာမည်အညွှန်း(၉)ခု စိုက်ထူတပ်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ရေဇွာမြို့ စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)