မောက်မယ်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီး

မောက်မယ်         ဒီဇင်ဘာ      ၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် (၂၅၃.၉၁၈) သန်းဖြင့် မောက်မယ်မြို့နယ် ကဒူးကြီး ကျေးရွာအုပ်စု အတွင်းရှိ နားဟီး-ကျူတဝီး-ဒေါတခေါ (ဒေါဓမ ) ကျေးရွာ ချင်းဆက်လမ်း (၉/၀)မိုင် အနက် (၅/၀)မိုင် မြေသားလမ်း ဖောက်လုပ်ခြင်း ၊ (၁၀)ပေ Box Culvert (၁)စင်း နှင့် (၅)ပေ Box Culvert (၁)စင်း တည်ဆောက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

မောက်မယ်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကဒူးကြီးကျေးရွာအုပ်စု အတွင်းရှိ ဆောင်ရွက်ရန် ကျန်ရှိသော မြေသားလမ်း (၄/၀)မိုင်အား နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက် သွားပေးမည်ဖြစ်ရာ အဆိုပါ မြေသားလမ်း ဖောက်လုပ်ပြီးစီးပါက မောက်မယ်မြို့နယ်နှင့် အလှမ်းဝေးသော ကယား ပြည်နယ်အစပ်ရှိ ကျေးရွာ (၄)ရွာ ၊ အိမ်ခြေပေါင်း (၁၉၅)အိမ်နှင့် လူဉီးရေ (၁၁၀၂)ဦး တို့၏ ယခင်သွားလာရန် ခက်ခဲသော အခြေအနေမှ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီး ဒေသတွင်း ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး ကဏ္ဍများ ပိုမို တိုးတက်လာမည် ဖြစ်ကြောင်းသိရသည်။

ပီကြာစန်း(မောက်မယ်)