နမ့်ဆန်မြို့၌ မြို့နယ်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နမ့်ဆန်  ဒီဇင်ဘာ  ၇

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြို့နယ်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှု ရည်မှန်းရန် အဆိုပြုချက်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော် က အမှာစကားပြောကြား၍ မြို့နယ်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှု ရည်မှန်းချက်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ စီမံကိန်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးကိုကို၊ မြို့နယ်စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး ဦးစီးအရာရှိ ဒေါ်သီတာဦး က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှု ရည်မှန်းချက်အဆိုပြုချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသွားခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများတို့က ကဏ္ဍအလိုက် တင်ပြဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)