လေးမျက်နှာမြို့နယ် လှော်ကထားကျေးရွာတွင် တိရစ္ဆာန်များအား သံချဆေး၊ အားဆေးများ အခမဲ့ထိုးနှံပေး

လေးမျက်နှာ  ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာနွယ်နွယ်အောင်နှင့် တိရစ္ဆာန်ကျန်းမာရေးအကူလုပ်သားများ ပါဝင်သော အဖွဲ့သည် ယမန်နေ့နံနက် ၁၀ နာရီတွင် လှော်ကထားကျေးရွာတွင် တရိစ္ဆာန်များအား ဆေးကုသပေးခြင်း၊ သံချဆေး၊ အားဆေးများ(အခမဲ့) ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာနွယ်နွယ်အောင် ဦးဆောင်၍ ကျေးရွာအတွင်းရှိ နွား(၃၄)ကောင်၊ ဝက်(၂)ကောင်၊ ခွေး(၆)ကောင်၊ ကြောင်(၃)ကောင်တို့အား ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သံချဆေး၊ အားဆေးများ(အခမဲ့)ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)